် A(H1N1) တုပ်ကွေးကူးစက်ခံရသူမြန်မာနိုင်ငံတွင် တွေ့ရှိ


စတုတ္ထမြောက် A(H1N1) တုပ်ကွေးကူးစက်ခံရသူမြန်မာနိုင်ငံတွင် တွေ့ရှိ NEJ / ၁၇ ဇူလိုင် ၂၀၀၉

မြန်မာနိုင်ငံတွင် စတုတ္ထမြောက် A(H1N1) တုပ်ကွေး ကူးစက်ခံရသူ (၁) ဦး ထပ်မံတွေ့ရှိရကြောင်း ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြသည်။အဆိုပါလူနာမှာ ရန်ကုန်မြို့နေ အသက် (၂၂) နှစ်အရွယ် အမျိုးသမီးတဦးဖြစ်ပြီး ဇူလိုင် (၁၂) ရက်တွင် TG 305 ဖြင့် ထိုင်းနိုင်ငံမှ ပြန်လာသူတဦးဖြစ်သည်။ထိုခရီးစဉ်ဖြင့် လိုက်ပါလာခဲ့သော ခရီးသည်များအား ၎င်းတို့နေထိုင်ရာနေရာများသို့ လိုက်လံစစ်ဆေးစဉ် ယင်းလူနာမှာ အဖျားတက်၍ တုပ်ကွေးရောဂါလက္ခဏာ တွေ့ရသဖြင့် ဝေဘာဂီဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးပြီး ရောဂါဖြစ်ပွားကြောင်း အတည်ပြုခဲ့ခြင်းဖြစ်သည်။အဆိုပါ A(H1N1) တုပ်ကွေးဖြစ်ပွားမှု နေ့စဉ်ဆက်တိုက် သတင်းစာတွင် ဖော်ပြလာသည့်အတွက် လူမသိသူမသိ ရောဂါဖြစ်ပွား သူများလည်း ရှိနိုင်ကြောင်း မြောက်ဒဂုံတွင် ဆေးခန်းဖွင့်ထားသည့် အထွေထွေရောဂါကု ဆရာဝန်တဦးက ပြောသည်။၎င်းက “ဘာလို့လဲဆိုတော့ ဒီရာသီက တုပ်ကွေးရာသီဖြစ်တဲ့အတွက် တချို့တွေက မခွဲခြားတတ်ကြဘူး။ ကျနော်က မြောက်ဒဂုံ (၄၇) ရပ်ကွက်မှာ ဆေးခန်းဖွင့်ထားတော့ လူစုံတွေ့ရပါတယ်။ နေမကောင်းတဲ့သူတွေ များတယ်။ အများဆုံးက ချောင်းဆိုးတာပဲ။ ခက်တာက သူတို့က နေမကောင်းလို့ အိမ်မှာ နားမနေနိုင်ဘူး အလုပ်သွားကြရတယ်။ မသွားရင် စားဝတ်နေရေးအတွက် အခက်တွေ့နိုင်တယ်လေ။ ဒီတော့ ခုဖြစ်နေတဲ့ တုပ်ကွေးအတွက်လည်း သူတို့ ဘာမှ ပြင်ဆင်ဖို့မရတာ အသေအချာပဲ။ ကျနော်ထင်တယ်၊ ကမ္ဘာ့လူတုပ်ကွေးရောဂါဖြစ်ပွးမှုက မြန်မာမှာ လက်ရှိထက် ပိုနိုင်ပါတယ်” ဟု ပြောသည်။စစ်အစိုးရ၏ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ၌ A(H1N1) တုပ်ကွေးကူးစက်ခံရသူ (၄) ဦးရှိပြီဖြစ်သည်။ပထမဆုံးရောဂါပိုးတွေ့ရှိသူမှာ ဇွန် (၂၆) ရက်နေ့တွင် စင်ကာပူနိုင်ငံမှ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း 3K (585) ဖြင့် လိုက်ပါလာသော ခရီးသည်များထဲမှ အသက် (၁၃) နှစ်သာရှိသေးသော အမျိုးသမီးငယ်တဦးဖြစ်သည်။ဒုတိယနှင့်တတိယမှာ အမျိုးသားများဖြစ်ပြီး ထိုင်းနိုင်ငံမှ ပြန်လာခဲ့ကြသူများဖြစ်သည်။မြန်မာကျန်းမာရေးဝန်ကြီးဌာနက A(H1N1) တုပ်ကွေးကူးစက်ခံရသူများမှာ ပြည်ပမှကူးစက်လာခြင်းဖြစ်ကာ ယနေ့အထိ ပြည်တွင်း၌ ကူးစက်ပြန့်ပွားမှု မရှိသးဟု ကြေညာထားသည်။

Read More...

ဘ၀ထဲက ရတနာ


ဘ၀ထဲက ရတနာ၊ ရင်ထဲက ကဗျာ (၅၇)
(၁)သစ်ရွက်ယော်ရီ ဣန္ဒနီကလေးကိုမြင်ရတော့ တောရကျောင်းမှာ တကိုယ်တော်ပျော်မွေ့နေရှာတဲ့ ရှင်ဥတ္တမကျော် စာဆိုကျော်မှာ ဈာန်မ၀င်စားဘဲ မနေနိုင်။ ကပျာကသီနဲ့ စာပန်းချီတကွက်ကို စုတ်ချက် “တို့” မိရှာတယ်။
ဆွစ်ဇာလန်ပြည် ဂျီနီဗာကန်ရိုးပေါ်ရောက်သွားတဲ့ စာဆိုကျော်မင်းသုဝဏ်ခမျာ သဘာဝအလှဓာတ်ကို မြင်ရတဲ့အခါ နှလုံးသားက ဆိတ်ဆိတ်မနေနိုင်ရှာ။
“တောင်ခိုးနှင့်တိမ်၊ ရောယှက်လိမ်လျက်တိမ်နှင့်တောင်ခိုး၊ တောင်ကိုမိုး၍မိုးကိုမမြင်၊ ကန်ရေပြင်တွင်ငွေစင်တိမ်ရိပ် ကူးသတည်း”လို့ ကဗျာဖွဲ့ခဲ့ပါတယ်။တဒင်္ဂအလှကို အမိဖမ်းလိုက်နိုင်တဲ့ ကဗျာအလှပါ။ ရင်ထဲမှာ ငြိမ်းချမ်းတဲ့ သဘာဝရုပ်ပုံလွှာကလေး တည်ဆောက်ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။
(၂)နန်းတွင်းထဲက သာသာယာယာ ချိုချိုအေးအေး ထွက်ပေါ်လာခဲ့တဲ့ နန်းမတော် မမြလေးရဲ့ တေးသံက တော့ ဘ၀ရဲ့အပူငွေ့ကလေး စင်ပါ့မလားလို့ စဉ်းစားချင်စရာ။
“ပါရမီဖြည့်စမို့၊ ကြည့်ဘုရာ့-သခင်အလှည့်ကျမဆင်ပြီ၊ အရင်လိုမနွဲ့။အနီအပြာကိုပယ်မယ်၊အ၀ါထည်ကလေးနဲ့တော်ရဲ့။တခွန်းထက်နှစ်ခွန်းမဆိုပြီ၊ အလွမ်းကိုမချဲ့။ကျွန်းညိုညိုဟိုအလှည့်မှာတော့၊ ငိုမဲ့မဲ့တားရှာ။ရွှေနောက်ဆံ မယ်မတင်းရအောင်ငယ်စာရင်း ဖျက်လိုက်ပါ့ဘုရာ (ဖျာ)အပြစ်ကြောင့် မချစ်သာပြီ၊အသစ်ရှာပေါင်းရစ်တော့ခအောင်းထနှောင်းနှစ်ပင်၊ ဓားထစ်စို့ရှင်။နိဗ္ဗိန္ဒကမ္မဋ္ဌာန်းဝင်မယ်၊ စခန်းစဉ်နီးအောင်ပလေး။”
မိန်းကလေးရဲ့ ညှိုးနွမ်းတဲ့အမူအရာကလေး ပေါ်လွင်လှပါပေ့။ လူ့ဘ၀ကို တကယ်ငြီးငွေ့တာမှ ဟုတ်ပါစ။ စိတ်နာသံကလေးများ ပါနေလေရော့သလား။ ကဗျာကလေးကိုဖတ်ရတာ ကရုဏာကြိုး လှုပ်နှိုးလိုက် သလို ခံစားရပါတယ်။
(၃)ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာကလေးတွေ ဖတ်ရတဲ့အခါကျတော့ ဒီချောင်းလတာ တေးကဗျာရဲ့ အလှထဲမှာ နစ်ဝင်တော့မလိုလိုနဲ့ ကိုယ့်ပတ်ဝန်းကျင် လူ့လောကကို လှည့်ကြည့်မိတယ်။ ဗေဒါလောကလား၊ လူ့ဘ၀လား၊ အတွေးပွားချင်စရာ။ ကဗျာဖတ်ပြီး အတွေးစကလေးတွေ အမျှင်တန်းပြီး ကျန်ရစ်ခဲ့လေရဲ့။
“ဗျိုင်းညီနောင် အတောင်ကဖြူဖွေး။ကမ်းစပ်မှာငိုင်သူ့လည်တိုင် စွေတစောင်းနဲ့ရေတံငါအစာချောင်းပြန်ပေါ့ဒီညောင်းပြီလေး။ကဏန်းမ ရွှံ့စိုစို၊ တကိုယ်လုံ့ နီတွေး။လက်မတထောင်ထောင်နဲ့တွင်းဘောင်မှာ မင်းယောင်ခင်းပြန်ပေါ့ဒီဆင်းပြီလေး“ …. တဲ့။
ကဗျာဆုံးသွားပေမယ့် အတွေးကမဆုံး။ လူ့ဘ၀အတက်အကျမှာ အခွင့်သာရင်တမျိုး၊ အခွင့်မသာရင် တမျိုး ပြုမူတတ်ကြတဲ့ လူ့သဘာဝကိုများ မြင်မိသယောင်ယောင်။ ဗေဒါကျက်စားရာလမ်းခရီးက လူ့လောကကို လှစ်ခနဲ လှမ်းကြည့်မိတယ်။
(၄)ဆရာကြီးသခင်ကိုယ်တော်မှိုင်း လေးချိုးကြီးတွေဖတ်ရတဲ့အခါ ခေတ်ရဲ့အရိပ်တွေ ထင်ဟပ်နေတာကို ခံစားရပြန်ပါတယ်။
အနို့ဆရာပင်လျှင် ကံအလျောက်မထားနိုင်တဲ့တို့ဗမာသခင် ခြံပေါက်ငနွားတို့ကြောင့်တိုင်းကားနဲ့ ပြည်ပေါ်မှာအနှီမလျော်စွာတို့ဖြင့်ဒေါမနနှင့် လောဘရမ္မက်ကြီး။(အိုကွယ်) ပြည်တော်မသာဖို့ဟောမရ ပြောမရနှင့်သောကရတက်မီး” …. တဲ့။
အမျိုးသားညီညွတ်ရေးပျက်သုဉ်းရတဲ့ သောကမီး၊ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်လို့ စိတ်ဆင်းရဲရှာတဲ့ ရတက်မီးတွေကြောင့် စိတ်မအေးနိုင်တဲ့အဖြစ်ကို စာနာခံစားမိပါတယ်။ ၁၉၅၀ ခုနှစ်ကျော်ကျော် ပြည်တော်သာခေတ်ကနဲ့ တူပါရဲ့။
ကမ္ဘာအေးစေတီဒါယကာ “မောင်ရွှေနု” ကိုလည်း အောင်ဇေယျတုရယ်လို့ ဆုတောင်းတဲ့အပြင် ယခင်အခါ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ “စိုး” နဲ့ “သန်း” ကိုလည်း တမျိုးကွဲ့လွမ်းခဲ့ပြန်ပါတယ်။ စိတ်တူကိုယ်တူ လွတ်လပ်ရေးတိုက်ပွဲ အတူနွှဲခဲ့ကြတဲ့ ဆရာကြီးရဲ့ တပည့်ရင်းတွေချည်း မဟုတ်လား။
ဆရာကြီးမှိုင်းဟာ ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးစဉ်ကလည်း “သောင်းမြန်မရဏာစမုတ်ဆီက ချုပ်သနဲ့ ယင်းအလိုတွင် … (အောင်ဆန်းရယ်) ဒေါင်းလံပုဝါအုပ်ပါလို့ ကျုပ်ဖြင့် သင်္ဂြိုဟ်ချင်” လို့ ကြေကွဲ ၀မ်းနည်းခဲ့ရတယ်။ “သြော် … တပည့်အရင်းတွေမို့၊ က၀ိမတင်းနိုင်ဘူးကွဲ့၊ သတိကင်းကာ မျက်ရည် ကျကျပြီး၊ ခက်ကပြီ … လက်ဆီမ ပါလို့၊ သောကဗလောင်ဆူတော့” လို့ ဆရာကြီး မျက်ရည်ကျခဲ့ ရှာတယ်။
လွတ်လပ်ရေးအလံ တိုင်ထိပ်ပေါ်မှာ လွှင့်တင်လိုက်တာနဲ့တပြိုင်နက် ပြည်တွင်းစစ်သေနတ်သံကလည်း စတင်ကြားလိုက်ရပါတယ်။ ဒါ့ကြောင့် ဆရာကြီးမှိုင်းက “မြန်မာပြည်မှာ နေစရာမကောင်းပြီမို့၊ ဂန္ဒီပမာ သေတာကောင်းတယ်” လို့ ကရုဏာဒေါသော ညည်းခဲ့ရှာပါတယ်။
ကဗျာအမျိုးမျိုးဖတ်ရတဲ့အခါ လွမ်းစရာဆွေးစရာ၊ စိတ်နာစရာ၊ တွေးတောစရာ၊ သဘာဝနဲ့ ခေတ်ကာလ ကိုပါ သတိပြုစရာ နှလုံးသားနယ်ပယ်အ၀န်း ကျယ်ခဲ့ပါတယ်။ တကိုယ်ရေအလွမ်းမှသည် ပြည်သူတွေရဲ့ မျက်ရည်ပင်လယ်အထိ ခံစားမှုနယ်နိမိတ် ကျယ်ပြန့်ရုံမက ခေတ်ဝန်းကျင်နဲ့ အဘိဓမ္မာအတွေးကိစ္စပါ နက်ရှိုင်းထိတွေ့ ခဲ့ရတယ်။
ကဗျာ့စောင်းကြိုး လှုပ်နှိုးမိပေသကိုး။ ။

Read More...

ကားတင်ပို့ ခြင်း



နအဖနှင့်နီးစပ်သည့်ကုမ္ပဏီတခုကို ကားလေလံတင် ရောင်းချခွင့်ပြုလိုက်သောကြောင့် မဲဆောက်-မြ၀တီမှတဆင့် ရန်ကုန်သို့ ဂျပန်ကားဟောင်းများ တရားမ၀င်တင်ပို့နေမှု ပိုမိုမြင့်တက်လာနေကြောင်း ကားကုန်သည်များက ပြောသည်။“အရင်ကဆိုရင် တရက်ခြား ကားတန်းအဆင်းမှာ မြ၀တီကနေ ရန်ကုန်ကို သယ်တဲ့ကားတွေဟာ အများဆုံး (၁၀) စီး၊ (၁၅) စီးပဲ။ အခုဆိုရင် တရက်ခြား အစီး (၃၀) လောက်ရှိတယ်” ဟု ကားသယ်ပို့ပေးသူ ကရင်ငြိမ်းချမ်းရေးအဖွဲ့တခုမှ ယဉ်မောင်းတဦးက ပြောသည်။ယခုတင်သွင်းသည့်ကားများမှာ ဂျပန်မှတဆင့် ဘန်ကောက်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့်ကားများဖြစ်ပြီး ဘန်ကောက်မှ တဆင့် နယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၇) ဂိတ်၊ (၁၀) ဂိတ်၊ (၁၃) ဂိတ်နှင့် ထာ့အာဂိတ်များမှတဆင့် မြန်မာနိုင်ငံ မြ၀တီသို့ တင်သွင်းကြခြင်းဖြစ်သည်။ရန်ကုန်မြို့မှ ကားကုန်သည်တဦးက “ဒီနှစ်လ၊ သုံးလအတွင်းမှာ ကားတွေ ထက်ဝက်နီးပါး ပိုသွင်းကြတာက အစိုးရက သူနဲ့ နီးစပ်တဲ့ကုမ္ပဏီတခုကို ကားရောင်းချခွင့်ပေးတာနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ သိရတယ်။ နောက်ထပ် ကုမ္ပဏီတွေကိုလည်း ဒီလုပ်ငန်းတွေ ချပေးဖို့ ရှိတယ်လို့ သိရတယ်။ ဒါကြောင့် ကားသွင်းတဲ့လူတွေ အလုပ်ဖြစ်နေကြတယ်” ဟု ပြောသည်။ထိုင်းဘက်ကမ်းမှ မြ၀တီသို့ ကားတစီးတင်သွင်းရာတွင် မဲဆောက် ထိုင်းအကောက်ခွန်ဌာနအား ဘတ် (၆) ထောင်၊ မော်တော်ကား မြန်မာဘက်ကူးခ ဘတ် (၃) ထောင်၊ မြ၀တီဘက်ခြမ်းရှိ မြန်မာအာဏာပိုင်များအတွက် ဘတ် (၃) ထောင် ပေးရသည်ဟု ကုန်သည်များက ပြောသည်။အဆိုပါကားများကို ဒီကေဘီအေအဖွဲ့၊ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ့၊ စစ်တပ်နှင့်ရဲတို့က မြ၀တီမှ ရန်ကုန်မြို့သို့ သယ်ဆောင်ပေးကြပြီး ကားအမျိုးအစားပေါ်မူတည်၍ ၎င်းတို့အား ကျပ်သိန်း (၂၀) မှ (၂၅) အထိ ယာဉ်ပိုင်ရှင်များက ပေးရသည်။လတ်တလောတင်သွင်းနေသည့်ကားများမှာ တိုရိုတာ (TOYOTA) အမျိုးအစားနှင့် အခြားအမျိုးအစားများဖြစ်ပြီး ထိုကားများကို ဆယ်ဘီးတပ် ကားသယ်ယာဉ်များဖြင့် သယ်ဆောင်ကြသည်။ ဆယ်ဘီးတပ်ကားကြီး တစီးလျှင် အနည်းဆုံး ကား (၆) စီးခန့် တင်ကာ ဘန်ကောက်မှ မဲဆောက်ကမ်းနားအထိ လာရောက်ပို့ဆောင်ပေးသည်။အဆိုပါလမ်းကြောအတိုင်း မော်တော်ကားများအပြင် မြေတူးစက်များ၊ ဆောက်လုပ်ရေးသုံးယာဉ်များ၊ ဂျပန်နှင့် ကိုရီယား နိုင်ငံတို့မှ ကုန်သေတ္တာများဖြင့် တင်သွင်းသည့် စက်ဘီးအဟောင်းများကိုလည်း မြန်မာနိုင်ငံအရပ်ရပ်သို့ သယ်ယူကြသည်။

Read More...

သတင်း

Your Text here here!



ရန်ကုန် (မဇ္ဈိမ) ။ ။ "တရက်မှာ ရွာလယ်မှာ ငွေချမ်းသာတဲ့ အိမ်ကို တောစောင့်သရဲက မကျေနပ်ဘူး။ အဲဒါကြောင့် ဖွတ်မဲကြီးကို လွှတ်လိုက်တယ်။ ''မင်း အဲဒီကို သွားတက်'' လို့ ခိုင်းတယ်။ ချမ်းသာတဲ့အိမ်ဆိုတော့ မသွားချင်သွားချင်နဲ့ သွားရတာပေါ့။ ဖွတ်ကြီးက အိမ်ထဲကို ၀င်မလို့ လှမ်းကြည့်လိုက်တော့ အိမ်ပေါ်မှာ ပြုန်းစုပ်တဲ့စက်ကြီး ရောက်နေတာကို တွေ့ရတယ်တဲ့။ အဲဒီတော့ ဖွတ်ကြီးက အိမ်ပေါ်ကို မတက်တော့ဘူး။ 'အိမ်ပေါ်မှာ ရွှေတူးဖို့ ပြုန်းစုပ်တဲ့စက် ရောက်နေပြီဆိုမှတော့ ဒီအိမ် သေချာပေါက် မွဲပြီ၊ ငါတက်ဖို့ မလိုတော့ဘူး' ဆိုပြီး လှည့်ပြန်သွားတယ်တဲ့"

ဖွတ် အိမ်ပေါ်တက်ရင် မွဲတတ်သည်ဟု လူပြော သူပြော ယုံကြည်တတ်သည့် ဒေသ၊ သရက်ကိုင်း ရွှေမှော်မှာ လူသစ် ရောက်လာတိုင်းလိုလို လက်ဆင့်ကမ်း ပြောတတ်ကြတဲ့ စကားလေးပါ။ ပြုန်းစုပ်သော စက်ဆိုသည်မှာ ရွှေကျင်ရာတွင် အသုံးပြုသော ရွှေပါသည့် မြေနှင့် သဲကို ရေနှင့် ဖျော်ပြီး စုပ်ယူသော အင်ဂျင်တပ် စက်ဖြစ်သည်။ ရေစုပ်စက် ကဲ့သို့ပင် ဖြစ်သော်လည်း မြေနှင့်သဲကိုပါ ပါအောင် စုပ်ယူနိုင်အား ရှိသည်။

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့ကနေ မိုင် ၄၀ လောက်ဝေးတဲ့ နေရာမှာရှိနေတဲ့ ဒီ ရွှေမှော်မှာ မျှော်လင့်ချက်အပြည့်နဲ့ ရောက်လာသူတွေ မနည်းလှပါ။

လုပ်ကွက်တကွက်ကို လေးတောင်ပတ်လည်ရှိတဲ့ လုပ်ကွက်ပေါင်း ၁၀၀ ကျော်မှာ လက်ရှိ ရွှေမုဆိုးပေါင်း တထောင် လောက်ရှိနေသည်။

ရွှေကြော ကောင်းကောင်းတွေ့လို့ (ဆန်တတင်းခွဲဝင်) ပီနန်အိတ်အလုံး ၂၀ ကို ရွှေတကျပ်သားရတယ်ဆိုတဲ့ တွင်းတွေရဲ့ သတင်း လူပြောသူပြောများလှသလို ပါလာသမျှကုန်၊ မွဲပြောင်ပြီး ပြန်သွားသူတွေလည်း မနည်းလှပါဘူး။ ဒါပေမယ့် ကြိမ်းသေပေါက် အမြတ်အစွန်း ရနေသူတွေတော့ ရှိနေပါသည်။

"အရင်က ရွှေထွက်တယ်ဆိုတော့ လုပ်ကွက်တကွက်ကို ငါးထောင်တသောင်းလောက် နယ်မြေခံရဲကို ပေးပြီး တူးကြတာ။ ရွှေထွက်နှုန်းက ကောင်းလာတော့ စစ်မှုထမ်းဟောင်းတချို့က အပိုင်သိမ်းပြီး လုပ်ကွက်တကွက်ကို ၆ သိန်း တောင်းတယ်။ ရွှေကြော တွေ့ပြီဆိုရင် နောက်ထပ် ပိုက်ဆံ သပ်သပ်ပေးရသေးတယ်" ဟု ရွှေတူးနေသူ မိသားစုဝင်တဦးက ပြောသည်။

သတ္ထုတွင်း ၀န်ကြီးဌာနကနေ ၈ တောင် ပတ်လည်မြေနေရာငှား၊ ၄ တောင် ပတ်လည်ကို တူးလုပ်ကြရသည်။ သို့ပေမယ့် လုံခြုံရေးအတွက် ရောက်လာသော ရဲကင်း၏ ထောက်ခံချက်ကလည်း ရမှသာလျှင် နေထိုင်တူးခွင့် ရှိသည့်အတွက် ရဲကင်းကို လာဘ်ပေးရမှုလည်း တွဲပါလာခဲ့သည်။ တွက်ခြေကိုက်အောင် ရွှေထွက်သည်ဟု သတင်းကြီးလာရာမှ ရဲအစား တိုင်းက တိုက်ရိုက်ကိုင်တော့မည်ဆိုကာ ၂၀၀၈ ခုနှစ်လယ်လောက်ကစ၍ စစ်မှုထမ်းဟောင်းအဖွဲ့တဖွဲ့ မှော်ထဲတွင် ရုံးလာဖွင့်တော့သည်။

ရုံးဆိုပေမယ့် တဲအိမ်လေးသာဖြစ်ပြီး စစ်မှုထမ်းဟောင်း ၃ ဦးလောက် ရုံးထိုင်တတ်သည်။ မည်သူကမျှ သေသေချာချာ မပြောနိုင်ပေမယ့် ဗိုလ်မှူးဟုခေါ်ကာ စစ်ကိုင်းတိုင်း စစ်တိုင်းမှူးနှင့် နီးစပ်သူများဟုဆိုကာ လူအများစုက ကြောက်ကြသည်။

"ဘာလက်နက်မှ မကိုင်လည်း စစ်မှုထမ်းဟောင်းဆိုတာနဲ့ နှစ်ရက်လောက်နဲ့ အလုပ်ပြုတ်လာတဲ့သူလည်း ကြောက်နေရတာ" ဟု စစ်ကိုင်းဒေသခံတဦးက ပြောသည်။

ရွှေတူးလုပ်ကွက်တခုလျှင် လုပ်သား အနည်းဆုံး ၆ ဦးမှ ၁၂ ဦးအထိရှိကာ အတောင် ၁၀၀ ကျော်လောက်အထိ နက်အောင် တူးတတ်ကြသည်။ ကန်ထရိုက်ဆွဲထားသော ပိုင်ရှင်က လုပ်သားများ စားရေး၊ နေရေး တာဝန်ယူပေးရပြီး ရွှေထွက်လာလျှင် ပိုင်ရှင်တ၀က်၊ အလုပ်သမားတ၀က် ခွဲဝေယူကြတတ်သလို တချို့ကတော့ ပိုင်ရှင် နှစ်ပုံ၊ အလုပ်သမား တပုံယူ သဘောတူညီတတ်ကြသည်။

ရွှေလုသည့် အခင်းဖြစ်ပွားရခြင်း၊ သေဆုံးခြင်းများကလည်း မကြာခဏ ကြားတတ်ရသည်။ လုပ်ကွက်ချင်း ကပ်နေသော်လည်း တခုက ရွှေရပြီး၊ တခုက ရွှေမရတာမျိုး ရှိသည်။ ရွှေမရသော လုပ်ကွက်မှ လူတွေက ရွှေထွက်သော လုပ်ကွက်ကို လှိုင်ခေါင်းဖောက်ပြီး ခိုးတူး၍ အချင်းများတာမျိုးဖြစ်သလို တွင်းပြို၍ အသေအပျောက် ဖြစ်သည်ကလည်း ရှိသည်။

လုပ်သားနှင့် ပိုင်ရှင်အကြား ယုံကြည်စိတ်ချရမှုရှိရန် နီးစပ်ရာ အမျိုးအဆွေများ ပေါင်းလုပ်ကြသည်က များသည်။

သို့သော် တွင်းသားများက ဆံပင်အရှည်ထား၊ အင်္ကျီထူထူ ၀တ်တတ်ကြသည်။ ရွှေပါတဲ့ မြေကို အင်္ကျီထဲထဲ့၊ ဆံပင်သုတ်၊ အိမ်ရောက်မှ ခေါင်းလျှော်ရေချိုးပြီး ပြန်ကျင်တတ်ကြသည်။ သို့သော်လည်း ဒီလိုလုပ်ချက်ကို ဗွေသိပ်မယူတော့။ မြေကြီးတအိတ်ကျင်မှ ရွှေက တရွေး၊ နှစ်ရွေးရ၍ ဖြစ်သည်။

"ဒီမှော်မှာတော့ ရွှေရလို့ ကျိကျိတက် ကြီးပွားချမ်းသာသွားတယ်ဆိုတဲ့ လူတော့ မကြားဖူးသေးဘူး။ ခက်တာက ဘယ်သူကမှလည်း ဘယ်လောက်ရတယ်ဆိုပြီး ထုတ်မပြောတတ်တဲ့ အမျိုးမဟုတ်လား။ ခန့်မှန်းခြေ နှစ်ဆယ်သား၊ သုံးဆယ်သားပေါ့"

"ရွှေရှာတာ လောင်းကစားလိုပဲ၊ နိုင်တုံး တော်လိုက်မှပါ" ရွှေမုဆိုးက ယခုသတင်းထောက်ကို ပြောသည်။








Read More...

BRIDAGES

BRIDAGES
I like a bridages
Any Kinds of bridage at all
A great steel bridage
With towers stiff and tall:
And old covered bridage
That spans a waterfall:
A hewn stone bridage
With it ruggest floor and wall
A railroad bridage:
A cement bridage:
Whether big or small:
Yes,I like a bridage
Just any kind of bridage at all.

Read More...

SOEpicture

Read More...

THE ARROW AND THE SONG

THE ARROW AND THE SONG
I shot an arrow into the air
It fell to earth I knew not where;
For so swiftly it few the sight
Could not follow it in its flight ;
I shot an arrow into the air
It fell to earth I knew not where;
For who heart sight so keen and strong
That it could follw the flight of song;
:Long long afterward in an own
I found the arrow still unbroke;
And the song from beginning to end
I found again in the heart of a friend.

Read More...